Australia နိုင်ငံသည် ကမ္ဘာပေါ်တွင်နေထိုင်လို့ အကောင်းဆုံး ဖွံ့ဖြိုးပြီးသာ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။Australia နိုင်ငံမှာ သွားရောက်အခြေချနေထိုင်လိုသူများအတွက် အမြဲတမ်းနေထိုင်ခွင့်(PR) လျှောက်ထားနိုင်တဲ့ visa အမျိုးအစားများစွာရှိပါတယ်။

ထို visa များထဲမှ ယခုရက်ပိုင်း AIMS မှ client များကို အောင်မြင်စွာလျှောက်ထားပေးထားသော-

90189 – Skilled Independent

Visa Subclass 190 – Skilled Nominated

Visa Subclass 491 – State/Territory Nominated

Visa Subclass 491 – Family-Sponsored အကြောင်းလေးမျှဝေချင်ပါတယ်။

ထို visa များသည် လူကြီးမင်း ပညာအရည်ချင်း ၊ လုပ်ငန်းအတွေ့အကြုံ ၊ အသက်အရွယ် ၊ English ကျွမ်းကျင်မှုတို့ ပေါ်အခြေခံပြီး Point Score သတ်မှတ်ပြီ အမှတ်ပေးစနစ်ဖြင့် ခေါ်ယူခြင်းဖြစ်ပါတယ်။

-189 visa ရရင်တော့ အကောင်းဆုံးပါပဲ။ Australia နိုင်ငံရဲ့ ကြိုက်တဲ့နေရာမှာ နေထိုင် အလုပ်လုပ်ကိုင်နိုင်ပါတယ်။

-190 visa ကတော့ 189 visa နဲ့ သိပ်မကွာပါဘူး ။လိုအပ်တဲ့ အမှတ် ပြည့်ဖို့ လိုတဲ့သူတွေအတွက် State sponsored ယူပြီး သတ်မှတ်ထားတဲ့ State မှာ ၂နှစ်နေပေးရပါမယ် ။ ပြီးရင်တော့ 189 visa လို လွတ်လပ်စွာ နေထိုင်အလုပ်လုပ်နိုင်ပါတယ်။

-491 visa ကတော့ သတ်မှတ်ထားသော State မှာ ၃ နှစ်နေပြီး Permanent Resident တဆင့်ထပ် လျှောက်ရတဲ့ visa မျိုးပဲ ဖြစ်ပါတယ်။

Australia အစိုးရက သူ့နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ကိုလေ့လာပြီး နိုင်ငံက လိုအပ်နေတဲ့ဝန်ထမ်း တွေကိုခေါ်ဖို့ နှစ်စဉ်ပြုစုထားတဲ့ အသက်မွေးဝမ်းကြောင်းစာရင်း Skilled occupation list (SOL) ရှိပါတယ်။ထိုပြုစုထားသော SOL စာရင်းတွင် Demand ဖြစ်နေသော အလုပ်အကိုင်ရာထူးပေါင်းများစွာ ရှိနေပါတယ်။အကယ်၍ သင် occupation သာ demand occupation list ထဲတွင် ကိုက်ညီမှုရှိပါက သင်နှင့်သင့်မိသားစု Visa application ကို ပထမဦးစားပေးအနေဖြင့် processing ပြုလုပ်ခံရမှာလည်း ဖြစ်ပါတယ်။

သင်အလုပ်ကိုင်သည် SOL စာရင်းတွင်မပါဝင်ပါက Australia PR လျှောက်ထားလို့မရတာ မဟုတ်ပါဘူး။ Australiaအစိုးရက သူတို့နိုင်ငံရဲ့ အလုပ်ဈေးကွက်ကို လေ့လောဆန်းစစ်ပြီး SOL စာရင်းကို နှစ်စဉ်ပြောင်းလဲနေတာပါ။ ဒါကြောင့် ကိုယ့်အသက်မွေးဝမ်းကြောင်း ဒီနှစ်မပါပေမယ့် နောက်နှစ်မှာ ပါကောင်း ပါလာနိုင်ပါတယ်။

သင့်မိသားစု နှင့်အတူ Australia နိုင်ငံသို့ ပြောင်းရွှေ့ အခြေချနေထိုင်ဖို့ ဘယ်visa ဟာ သင့်အတွက် အသင့်တော်ဆုံးလည်း ဆိုတာ AIMS မှ Immigration Consultant များနှင့် အခမဲ့ဆွေးနွေးတိုင်ပင်ရန် အောက်ပါ Link လေးမှာ Form လေးဖြည့်ခဲ့ပေးပါ၊ AIMS မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမယ်။

ဒါမှမဟုတ် Message Box ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

#immigration#189visa#190visa#491visa#skilledmigration#immigrationaustralia#immigrationconsultant#permanentresidency#migration#visaservices#immigrationaustralia#AIMSMyanmar

Open chat
1
Need Help? Chat with AIMS
Hello!
Can we help you?