AIMS Myanmar ပရိတ်သတ်များ အများဆုံး မေးနေကျ မေးခွန်းလေး DV lottery နှင့် EB-3 ကွဲပြားချက်လေး မျှဝေပေးချင်ပါတယ်….

DV Lottery ဆိုတာဘာလဲ?

Diversity Visa(DV) ဆိုတာ USA Government မှ တနှစ်ကို တစ်ကြိမ် သတ်မှတ်ထားသော နိုင်ငံများမှ လူဦးရေ ၅သောင်းကျော်ကို USA နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (Green Card ) ပေး၍ တရားဝင်ခေါ်ယူတာဖြစ်ပါတယ်။DV Lottery ကို မည်သူမဆို လျှောက်ထားကံစမ်းခွင့်ရှိပြီး ကံထူးသူများတာ ရရှိနိုင်မည့် အစီစဉ်လေးတစ်ခုဖြစ်ပါတယ်။

EB-3 visa ဆိုတာဘာလဲ?

EB-3 visa သည် USA တွင် နိုင်ငံခြားသားများကို ပေးအပ်သည့် အလုပ်အကိုင်ကို အခြေပြု၍ GREEN Card ရရှိသော visa နည်းလမ်းလေး ဖြစ်ပါတယ်။ အရည်ချင်းပြည့်မှီသော အမေရိကန် လုပ်ငန်းရှင်မှ အချိန်ပြည့် အလုပ်အကိုင်တစ်ခုအပါဝင် အလုပ်ခေါ်စာပေး၍ ခေါ်ဆောင်ခြင်း ဖြစ်ပါတယ်။

EB-3 visa ကိုလျှောက်ထားသူနှင့်တကွ လျှောက်ထားသူ၏ မိန်းမ(သို့မဟုတ်) ခင်ပွန်း နှင့် အသက်(၂၁) အောက်ကလေးများပါ Green Card ရရှိမှာ ဖြစ်ပါတယ်။

DV lottery ကို မည်သူမဆိုလျှောက်ထားနိုင်ပြီး ကံထူးသူများသာ သွားခွင့်ရမှာ ဖြစ်ပြီး EB-3 visa ကိုအောင်မြင်စွာလျှောက်ထားသူတိုင်း USA နိုင်ငံတွင် မိသားစုလိုက် အခြေချနေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

AIMS မှ EB-3 visa မှတဆင့် လျှောက်ထားပေးခဲ့သော မြန်မာမိသားစုဝင်များစွာလည်း USA နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်(Green Card) ရရှိနေပြီး ဖြစ်ပါတယ်။

U.S.A မှာအလုပ်ကိုင်နှင့်တကွ သွားရောက်အခြေချနေထိုင်လို့ရတဲ့EB-3 program လေးနဲ့ ပတ်သတ်ပြီး AIMS မှ ကျွမ်းကျင်တဲ့ Immigration Consultant များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးဖို့ အောက်ပါ link လေးမှာ Form ဖြည့်ခဲ့ပေးပါ ၊ AIMS မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမယ်။

ဒါမှမဟုတ် Message Box ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

Categories: AIMS EB3

Tags: , , ,

Open chat
1
Need Help? Chat with AIMS
Hello!
Can we help you?