Canada နိုင်ငံမှာ မိမိရဲ့ အသက်မွေးဝမ်းကြောင်းမှတဆင့် အမြဲတမ်းနေထိုင်ခွင့်(PR) စလျှောက်တော့မယ်ဆိုရင် Express Entry Program မှတဆင့်လျှောက်ထားနိုင်ပါတယ်။

Express Entry Program မှာဆိုရင်…

1. Federal Skilled Worker Program (FSW)

2. Federal Skilled Trades Program

3. Canadian Experience Class

4. Provincial Nominee Program (PNP)တို့မှတဆင့်လျှောက်ထားနိုင်ပါတယ်။PR စလျှောက်တော့မယ်ဆိုရင် ဘယ်လမ်းကြောင်းက မိမိနဲ့ အဆင်ပြေဆုံး ဖြစ်မလည်းဆိုတာ သိထားဖို့လိုပါတယ်။

ပြီးရင်တော့ Educational Credential Assessment(ECA) လုပ်ဖို့လိုပါတယ်။ ECA အပြင် အောက်ပါ အချက်အလက်များပြည့်စုံပါက eligible ဖြစ်နိုင်ပါတယ်။

– လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 2နှစ်နှင့်အထက်ရှိရပါမယ်။

– English or French ဘာသာစကား ကျွမ်းကျင်မှုရှိရပါမယ်။

– ပညာအရည်ချင်း အနည်းဆုံး Bachelors Degree ကိုင်ဆောင်ထားသူဖြစ်ရမယ်။

– အသက်အရွယ် (47) အောက်ဖြစ်ရမယ်။

– Medical နှင့် Criminal Record ကင်းရှင်းသူဖြစ်ရမယ်။

ထို အချက်များမှတဆင့် FSWP points တွက်ပေးမှာ ဖြစ်ပါတယ်။ FSWP Points 67 နှင့်အထက်ဆို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

FSWP pointsပြည့်မှီမှု ရှိတယ်ဆိုရင် မိမိProfile က Canada Express Entry pool ထဲရောက်သွားမှာဖြစ်ပါတယ်။ ထိုနောက် IRCC(Immigration, Refugees and Citizenship Canada) က မိမိ Profile ကို ကြည့်ပြီး ဘယ်Provinces နှင့်ကိုက်ညီမှု ရှိတယ်ဆိုတာ ဆုံးဖြတ်ပေးပြီ ITA (Invitation to Apply) ချပေးမှာပဲ ဖြစ်ပါတယ်။ ITA ရရှိပြီးက PR application စတင်လို့ရပါပြီ။

ထိုနောက် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိပြီးပါက အလုပ်ကိုင် အခွင့်လမ်းများစွာရရှိမှာ ဖြစ်ပြီ မိမိလုပ်ကိုင်လိုသော အလုပ်ကိုင်ကို လွတ်လပ်စွာ ရှာဖွေလုပ်ကိုင်နိုင်ပါတယ်။ ထိုအပြင်နိုင်ငံသားများနည်းတူခံစားခွင့်များဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နှင့် မြင့်မားသော ပညာရေး စတဲ့ အခြား Social benefits အကျိုးခံစားခွင့်အားလုံးကိုလည်း ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

Canada နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားသည့်အခါ ဘယ်step မှာမဆို တိကျသေချာပြီ အမှားအယွင်း မရှိဖို့လိုပါတယ် သို့မဟုတ်ပါက ITA မရရှိတာ မကြာသင့်ပဲ ကြန့်ကြာသွားတာမျိုးတွေရှိလာနိုင်ပါတယ်။

17 နှစ်တာအတွေ့အကြုံ များနှင့် ထောင်သောင်းမကသောclientများကို Canada နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိအောင်လျှောက်ထားပေးနိုင်ခဲ့သော AIMS သည် သင် နှင့်အတူ သင့်မိသားစုကို Canada နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်(PR) visaလျှောက်ရန် လုပ်ငန်းစဉ်တစ်ခုလုံးကို ကူညီရန် အသင့်ရှိနေပါပြီ။

Canad အမြဲတမ်းနေထိုင်ခွင့်(PR) visaလျှောက်ရန်နှင့် ပတ်သက်၍ Immigration Consultant နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးရန် အခုပဲ အောက်ပါ Form လေး ဖြည့်ခဲ့ပေးပါ။

ဒါမှမဟုတ် Message Box ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

#Express_Entry#Canada#migration#PR

Open chat
1
Need Help? Chat with AIMS
Hello!
Can we help you?