USA နိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်ချင်သူများအတွက် လျှောက်ထားလို့ရမယ့် Visa လေးတွေမျှဝေပေးလိုက်ပါတယ်…..

USA နိုင်ငံတွင် သွားရောက်အခြေချနေထိုင်လိုသူများအတွက် Green Card လျှောက်ထားနိုင်တဲ့ EB1,EB2, EB3, EB4 , EB5 ဆိုပြီ visa(5) မျိုးရှိပါတယ်။

✅ EB1 (Priority Workers)

✅EB2 (Professionals and Aliens of “Exceptional Ability”)

✅ EB3 (Skilled Workers, Professionals, and Other Workers)

✅ EB4 (Special Immigrants)

✅ EB5 (Immigrant Investor Program)

⚜ EB-1 visa သည် သင်အလုပ်ကိုင်ပေါ် အခြေခံ၍ ရရှိနိုင်သော visa တစ်ခုပဲ ဖြစ်ပါတယ်။ ထို visa လျှောက်ထားနိုင်သူများမှာ တခြားသူများထက်ထူးကဲသော စွမ်းရည်များ ရှိသည့် အနုပညာ ရှင်များ ၊ သိပ္ပံပညာရှင်များ ၊ ပညာရေး ၊ စီးပွားရေး ၊ အားကစားသမားများ ၊ ထူးချွန်သော ပါမောက္ခများနှင့်သုတေသီများ ၊ Multinational manager or executive များလျှောက်ထားနိုင်ပါတယ်။

⚜EB-2 visa သည် ထက်မြတ်သော အရည်ချင်းရှိသည့် နိုင်ငံခြားသားများကို ပေးသော visa တစ်ခုပဲ ဖြစ်ပါတယ်။ အဆင့်မြင့်ဒီဂရီ များ (သို့) သက်ဆိုင်ရာ နယ်ပယ်တွင် master ရရှိထားတဲ့ အပြင် ( International license) ရရှိထားပြီ ထိုသူပြောင်းရွေ့လာပါက USA နိုင်ငံအတွက် အကျိုးပြုပေးနိုင်သည့် သူများကို ပေးသော visa တစ်ခုပဲ ဖြစ်ပါတယ်။

⚜EB-3 visa သည် USA တွင် နိုင်ငံခြားသားများကို ပေးအပ်သည့် အလုပ်အကိုင်ကို အခြေပြု၍ GREEN Card ရရှိနိုင်သော visa နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အရည်ချင်းပြည့်မှီသော အမေရိကန် လုပ်ငန်းရှင်မှ အချိန်ပြည့် အလုပ်အကိုင်တစ်ခုအပါဝင် အလုပ်ခေါ်စာပေး၍ ခေါ်ဆောင်ပေးသော visa ဖြစ်ပါတယ်။

⚜EB-4 visa သည် သက်ဆိုင်ရာ သာသနာရေး နယ်ပယ်တွင် ထင်ရှားကျော်ကြားသူများ နှင့် ၊ ကုလသမဂ္ဂ ဝန်ထမ်းဟောင်းများ စသည့် အရည်ချင်း ပြည့်မှီသော Special Immigrant များအတွက် ဖြစ်ပါတယ်။

⚜EB-5 visa သည် USA အစိုးရသည် အမေရိကန်စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် နှင့် အမေရိကန် နိုင်ငံသားများ အတွက်လည်း အလုပ်ကိုင် အခွင့်လမ်းများ များပြားလာစေရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများကို ပေးသော visa ဖြစ်ပါတယ်။

AIMS မှတဆင့် USA visa များကို လျှောက်ထားပေးခဲ့သော client များသည် သူတို့၏ ဘဝသစ်များကို USA နိုင်ငံတွင် ပျော်ရွှင်စွာ ဖန်တီးလျက်ရှိနေပါပြီ။

သင်ကော ဘာကို စောင့်နေတာပါလဲ?

သင် နှင့် သင့်မိသားစုအတွက် USA Dream ကို အကောင်အထည်ဖော်ဖို့ ပြတ်သားပြီး လက်တွေ့ကျတဲ့ အစီအစဉ် တစ်ခုရှိနေပြီဆိုရင် အချိန်ကစောတယ်ဆိုတာမရှိပါဘူး။

AIMS မှ သင် နှင့်အတူသင့်မိသားစု USAနိုင်ငံသို့ ပြောင်းရွှေ့ အခြေချနေထိုင်ဖို့ ဘယ်visa ဟာ သင့်အတွက် အသင့်တော်ဆုံးလည်း ဆိုတာ AIMS မှ Immigration Consultant များနှင့် အခမဲ့ဆွေးနွေးတိုင်ပင်ရန် အောက်ပါ Link လေးမှာ Form လေးဖြည့်ခဲ့ပေးပါ၊ AIMS မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမယ်။

ဒါမှမဟုတ် Message Box ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

migrate #usaimmigration #shapeyoufuture #america #greencard

Open chat
1
Need Help? Chat with AIMS
Hello!
Can we help you?