USA နိုင်ငံမှာ Green Card နှင့်တကွ မိသားစုလိုက်အခြေချနေထိုင်လို့ရတဲ့ EB-3 Visa Program ကို AIMS မှအကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်…

EB-3 Visa Program ဆိုတာဘာလဲ?

EB-3 visa သည် USA တွင် နိုင်ငံခြားသားများကို ပေးအပ်သည့် အလုပ်အကိုင်ကို အခြေပြု၍ GREEN Card ရရှိသော visa နည်းလမ်းဖြစ်ပါတယ်။ အရည်ချင်းပြည့်မှီသောအမေရိကန် လုပ်ငန်းရှင်မှ အချိန်ပြည့် အလုပ်အကိုင်တစ်ခုအပါဝင် အလုပ်ခေါ်စာပေး၍ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်။

EB-3 Visa လျှောက်ဖို့ဘာတွေလိုအပ်လဲ?

EB-3 Visa လျှောက်ဖို့ အသက် 18 -50 အတွင်း ဖြစ်ရပါမယ်။လျှောက်ထားပေးသည့် အလုပ်များသည် Unskilled Workers အလုပ်များဖြစ်တဲ့အတွက် Education Background မလိုပါဘူး ၊ IELTS ဖြေပေးဖို့ မလိုပါဘူး။ English ကို အတန်အသင့် ပြောနိုင်ရင်ရပါတယ်။ သက်တမ်းရှိသော Passport ရှိရပါမယ်။

EB-3 Visa လျှောက်ထားဖို့အချိန်ဘယ်လောက်ကြာနိုင်လဲ ဘယ်သူတွေပါရနိုင်လဲ?

Visa လျှောက်ထားဖို့ 2နှစ်အထက် ကြာနိုင်ပါတယ်။ EB-3 visaကိုလျှောက်ထားသူနှင့်တကွ လျှောက်ထားသူ၏ မိန်းမ(သို့မဟုတ်) ခင်ပွန်း နှင့် အသက်(၂၁) အောက်ကလေးများပါ Green Card ရရှိမှာ ဖြစ်ပါတယ်။

EB-3 Visa လျှောက်ထားဖို့ အရင်ဦးဆုံး Labor Cert Approval ရရှိဖို့လိုပါတယ် ၊ ပြီးနောက် I-140 Visa Petition Approval ထပ်မံ လျှောက်ထားရပါမယ်။ ပြီးနောက် DS260 Submission လုပ်ပြီး US Embassy မှာ Visa Interview ဝင်ရပါမယ်။Interview ဝင်ပြီးပါက Application Approval ရရှိမှာဖြစ်ပါတယ်။USA သို့ ရောက်ရှိပြီး 3-6 month အတွင်း 10နှစ် သက်တမ်းရှိ Green Card ရရှိမှာဖြစ်ပါတယ်။Green Card ကိုင်ဆောင်ထားရင်း 5နှစ်ပြည့်လျှင် US citizen ကို ထပ်မံလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

EB-3 Visa လျှောက်ရန် AIMS မှ ကျွမ်းကျင်သော Immigration Consultant နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးဖို့ အောက်ပါ link လေးမှာ Form ဖြည့်ခဲ့ပေးပါ ၊ AIMS မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမယ်။

ဒါမှမဟုတ် Message Box ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

#migrate#greencard#shapeyourfuture#usaimmigration#permanentresidency#AIMSMyanmar

Open chat
1
Need Help? Chat with AIMS
Hello!
Can we help you?